ဒီစာအုပ်လေးဟာ ဆရာမရဲ့ စိတ်အတွေးထဲမှာ အရိပ်သဖွယ် ရှင်သန်နေတဲ့ ကြုံခဲ့ဖူးသော အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ်လေးဖြစ်တယ် .. အရိပ်လေးဆယ်ဆိုတဲ့အတိုင်း အဖြစ်အပျက်ပေါင်း လေးဆယ်ကိုမြင်တွေ့ရမှာဖြစ်လို့ ဆရာမ စံပယ်ဖြူနုရဲ့ စိတ်အတွေးပုံရိပ်တွေ အကြောင်း တ၀ကြီး စပ်စုလိုက်ကြပါစို့ ..

ဒီထဲက တချို့အရိပ်တွေဟာ ကျွန်တော် ကြုံတွေခဲ့ဖူးတဲ့ အတိတ်တွေကို ပြန်လည် အမှတ်ရစေခဲ့တာမျိုးတွေရှိတယ် .. ဥပမာ - ကြောင်တွေအပေါ် သံယောဇဉ် ငြိတွယ်ခဲ့တာကြောင့် ကြောင်တွေ သေဆုံးသွားတဲ့အခါ ၀မ်းနည်းပက်လက်ဖြစ်ရတာမျိုး .. ကျွန်တော်ဆို ကျွန်တော့်ကြောင်တွေ သေဆုံးသွားတုန်းက အိမ်မက်တွေ ဘာတွေတောင်မက်ပြီး သတိရလွန်းလို့ ငိုကြွေးဖြစ်ခဲ့တယ် ..

ပြတင်းပေါက်အပြင်ဘက်မှာ လာနားတဲ့ ဌက်ကလေးအကြောင်းမှာလည်း ခံစားချက်က တူနေပြန်ရော .. ကျွန်တော်ဆို မှန်ပြတင်းပေါက်ဘက်မှာ ဒီဘက်ကို လှည့်ပီး စူးစမ်းနေတဲ့ ဌက်ကလေးတွေကို မြင်ရင် သဘောကျလွန်းလို့ အသံတိတ် တခွီခွီနဲ့ရယ်ပီး ဖွင့်စရာရှိတဲ့ တံခါးကိုတောင်မှ မဖွင့်ဖြစ်ဘဲ ငေးကြည့်နေတာမျိုး ၊ ဌက်တွေလို လေပေါ်ပျံပြီး လျှောက်သွားချင်တာမျိုး .. တော်သေးတယ် ကျွန်တော့် ညီလေးက ဆရာမ မောင်လေးလို ဌက်ဖြစ်ရင် လေးခွစာမိမယ်လို့ မပြောလိုက်လို့ ..

ထိုနည်းတူပဲ အပင်လေးစိုက်လို့ ရှင်သန်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက် ၊ မေ့မရသော ချဉ်ပေါင်ဟင်း ၊ တောင်းရမ်းတဲ့ ကလေးတွေရဲ့ ခြိမ်းလားခြောက်လား အပြုအမှု စသည်တို့ဟာ ကျွန်တော် ကိုယ်တိုင် တွေ့ကြုံ ခံစားခဲ့ရ / နေရတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်တာကြောင့် ဖတ်ရတာ အရမ်းအရသာ ရှိနေခဲ့တယ် ..

ဆရာမသာ ယောင်္ကျားလေးဖြစ်လာခဲ့ရင် ကြည်အောင်လို့ အခေါ်ခံရဖွယ်ရှိကြောင်းလေးကို ဖတ်ရတာက ပြုံးမိစေသလို ခရမ်းသီးဟင်းချက်တုန်းက အဒေါ်ဖြစ်သူရဲ့ အပြစ်တင်ခြင်းကို ခံရပေမယ့် မောင်နှစ်ယောက်ရဲ့ အားပေးမှုကြောင့် ခရမ်းချဉ်သီးဟင်းလေး ကုန်သွားတဲ့ အကြောင်းလေး ဖတ်ရတာက ရင်ထဲ လှိုက်ဖိုကြည်နူးစရာ ..

အဆောင်မှာ လက်ဖက်သုတ်စားချင်လို့ အဆောင်က သူငယ်ချင်းတွေဆီက ဟိုပစ္စည်းနည်းနည်း ဒီပစ္စည်းနည်းနည်းလေး လိုက်တောင်းပီး လက်ဖက်သုပ်စားကြတဲ့ ဖီလင်နဲ့ တစ်ယောက်ခန်းလေးလိုချင်လို့ဆိုတဲ့ စိတ်လေးဟာ ကျွန်တော် ရန်ကုန်အဆောင်ရောက်စဉ်က ဘ၀ကို ပြန်လည် လွမ်းဆွတ်သွားစေပြန်တယ် ..

ဒီစာအုပ်လေးဟာ ကျွန်တော့်ဘ၀ရဲ့ အမှတ်တရ တချို့ကို ပြန်လည်ခံစားမိစေတာကြောင့် စာလေးဖတ်လိုက် ပြန်တွေးလိုက်ဆိုတဲ့ အရသာလေးဟာ တကယ့်ကို ကောင်းတဲ့ ခံစားချက်လေးပါပဲ .....

ဒီစာအုပ်လေးမှာ ထူးခြားချက်တစ်ခုက အတွင်းပန်းချီလေးတွေကို ဆရာမရဲ့ သမီးလေးက ရေးဆွဲထားခြင်းဖြစ်သတဲ့ ..

ဒီစာအုပ်လေးကို ဖတ်ကြည့်ပီး မိမိအရိပ်တွေကိုလည်း ပြန်လည်မြင်တွေ့နိုင်ကြပါစေ .....

#အရိပ်လေးဆယ်
#စံပယ်ဖြူနု
#မဟာစာပေ

#PyaeArKar